
|
|
|
ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင် အသုံးချပါ။ (မင်းကွန်းဆရာတော်ဘုရားကြီး)
သူများနေရာမကျတာကို လျှောက်မပြောနဲ့ ကိုယ်နေရာမကျတာ သိရင်တော်ပြီ။
နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီ။ နေရာမကျဘဲနှင့် နေရာကျတယ်ထင်ရင်တော့ နည်းနည်းကလေးမှ မျှော်လင့်စရာ
မရှိဘူး။ (ဝေဘူဆရာတော်ဘုရားကြီး)
ကုသိုလ်တွေလုပ်ရတာ မပျင်းနှင့် ကုသိုလ်ဆိုတာ ပျင်းလဲလုပ် ပျော်လည်းလုပ်
ကုသိုလ်ရဲ့အရိပ်ဟာ ဘယ်သွားသွားပါတာဘဲ။ (ဝေဘူဆရာတော်ဘုရားကြီး)
အကုသိုလ်မပြုကြနဲ့ အကုသိုလ်ပြုမိပြီဆိုတာနဲ့ ဖုံးပြုပြု ဖော်ပြုပြု ပေါ်လာတာဘဲ။ (ဝေဘူဆရာတော်ဘုရားကြီး)
စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူ ဖြစ်နိုင်တယ်။ စိတ်ထား
အလတ်စားရှိလျှင် အလတ်စားလူ ဖြစ်နိုင်တယ်။ မိမိစိတ်ထား အောက်တန်းကျနေလျှင် အောက်တန်းစားလူ ဖြစ်လိမ့်မယ်။ စိတ်ရင်း
စေတနာသည် လူတန်းစားကို ခွဲခြားသည်။ (ဦးဥတ္တမသာရ ဘိဝံသ)
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားတဲ့အလုပ် မလုပ်တဲ့ အချိန်ဘဲ။
ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည်။
အရင်က ဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။
လူကောင်းသည် အရူးနှင့်ပြိုင်၍ အဝတ်မလစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း၊
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ၊ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ
မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံစရာသာတည်း။
Five.